ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ နိဗ္ဗာန်ရောက်ဖို့ဆိုတာ အရင်ဆုံး ၅ပါးသီလလုံနေဖို့လိုတယ်။ ဘယ်လောက်ထိလုံရမလဲဆိုရင် ဥစ္စာပစ္စည်း ဆုံးရှုံးရတောင်၊ကိုယ်လက်အစိတ်အပိုင်း ဆုံးရှုံးရတောင်၊ အသက်သေဆုံးရတောင် သီလကို လုံးဝမကျိုးစေပဲ လုံအောင်ထိန်းရမယ်။ ဒါက နံပါတ်၁အရေးအကြီးဆုံးပဲ။ သီလမလုံရင် တရားမရနိုင်ဘူး။ ဒါကြောင့် ကိုယ်တိုင်ပြန်မေးရမယ်။ ငါဟာ သီလလုံနေသလား??စောင့်ထိန်းတုန်းခန လုံနေတာလား? ဒါမှမဟုတ် ၅ပါးသီလကို ကျူးလွန်စရာကြုံလာခဲ့ရင်တောင် ကျူးလွန်ချင်စိတ်မရှိလို့ မကျူးလွန်တာလားဆိုတာ သေချာကိုယ်တိုင်စစ်ဆေးရမယ်။ ဒီအဆင့်မကျော်ဖြတ်ပဲနဲ့တော့ တရားတွေနာနေလည်း တရားမရနိုင်ဘူး။ ဒါကြောင့် ၅ပါးသီလကို ထိန်းရမယ်။ ၅ပါးသီလထိန်းနိုင်ဖို့ ၅ပါးသီလကို အခြေခံကျကျသိနေရမယ်။ ဒါကြောင့် ၅ပါးသီလမှာပါတဲ့ အချက် ၁ခုချင်းစီကိုသိပြီး ဘယ်လိုဆိုရင် သီလကျိုးတယ်၊ ဘယ်လိုဆို သီလမကျိုးဘူးဆိုတာ သိနေရမယ်။ ဥပမာ ကိုယ့်ကြောင့်သတ္တဝါတွေသေတိုင်း ပါနာတိပါတ ကံမဖြစ်ဘူး။ ကိုယ်ကသေစေလိုစိတ်ရှိမှ၊ သက်ရှိသတ္တဝါဖြစ်မှ၊ကာယကံမြောက် ကိုယ်က သတ်မှ၊ တကယ်လည်းသေသွားမှ စတဲ့ အချက်၄ချက်နဲ့ပြည့်စုံမှ ပါနာတိပါတ သီလတစ်ပါးကျိုးတာ။ ဒါမျိုးကိုသိရမယ်။ ကျန်တဲ့သီလတွေလည်း ထိုနည်းတူစွာပဲ အချက်တွေရှိတယ်။ ဒါကိုသိပြီး ထိန်းနိုင်ရမယ်။
ရုပ်နာမ်တို့ကို သိရမယ်ဆိုတာ
-ရုပ်ဆိုတာဘာလဲ
-နာမ်ဆိုတာဘာလဲ
-ရုပ်ဖြစ်ကြောင်းကဘာတွေလဲ
-နာမ်ဖြစ်ကြောင်းကဘာတွေလဲ စတဲ့အကြောင်းတွေလေ့လာရမယ်။ ရုပ်တွေ နာမ်တွေကို လေ့လာပြီးပြီဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ မြင်မြင်သမျှ၊ ကြားကြားသမျှ၊ တွေ့ထိသမျှ၊နမ်းရှုသမျှ၊ အရသာခံသမျှ၊ခံစားသမျှ၊တွေးတောကြံစည်သမျှတွေဟာ ရုပ်လား နာမ်လားဆိုတာ ခွဲခြမ်းရမယ်၊ ခွဲခြမ်းနိုင်အောင်လည်း ညာဏ်ကထက်လာအောင်လုပ်ရမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊စိတ်တို့နဲ့ ပတ်သက်ရာကိစ္စတိုင်းကို နာမ်လား ရုပ်လား ခွဲခြားနိုင်တဲ့အသိရှိနေပြီဆိုရင် အတော်ခရီးရောက်ပြီ။
ပတ်ဝန်းကျင်မှာ ကြုံရသမျှကိုလည်း ရုပ်နာမ်ခွဲနိုင်ရမှာဖြစ်သလို မိမိခန္ဓာမှာလည်း ခွဲခြားနိုင်ပြီဆိုရင် နောက်တစ်ဆင့် နာမ်ရုပ်တို့ရဲ့အကြောင်းကို လေ့လာရမယ်။
ရုပ်ဖြစ်ကြောင်း
နာမ်ဖြစ်ကြောင်း
ရုပ်အကြောင်းနာမ်အကျိုး
နာမ်အကြောင်းရုပ်အကျိုး စတာတွေဖြစ်ပုံကိုလေ့လာရမယ်။
လေ့လာထားတဲ့အတိုင်း ပတ်ဝန်းကျင်မှာ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊စိတ် တို့နဲ့ကြုံရသမျှတွေဟာ အကြောင်းမဲ့မဟုတ်ပဲ အကြောင်းကြောင့်အကျိုးတွေ ဖြစ်ပါလားဆိုတာသိလာမယ်။ အဲ့လိုသိဖို့ ကြိမ်ဖန်များစွာ လေ့ကျင့်နေရမယ်။ အခုပြောတဲ့အထိက ဘာဝိပဿနာမှ မပါသေးဘူး
အခုပြောတာတွေက သိရမှာနဲ့ လုပ်ရမှာတွေ ဆိုတော့ သိထားပြီးသားလား လုပ်နေပြီလား?? ဖြေပါဦး
အခုပြောတာတွေ ဘယ်အဆင့်ထိသိထားပြီးသားလဲ
သီလအပိုင်း
နာမ်ရုပ်အပိုင်း
အကြောင်းအကျိုး အပိုင်း
သီလနဲ့ပတ်သက်ပြီး သေသေချာချာသိစေဖို့ သီလနဲ့ပတ်သက်တဲ့တရားတွေကို အောက်မှာပြပေးထားပါတယ်။ သေသေချာချာနာယူပြီး သီလကိုလုံခြုံအောင်ထိန်းနိုင်ဖို့ ကြိုးစားရပါမယ်။
မသွားလာ၊ မကျူးလွန် အပ်သော မိန်းမ (၂၀)
၁။ မာတုရက္ခိတ = မိခင်အုပ်ထိန်းသောမိန်းမ။
၂။ ပိတုရက္ခိတ = ဖခင်အုပ်ထိန်းသောမိန်းမ။
၃။ မာတာပိတုရက္ခိတ = မိဘနှစ်ပါးလုံး အုပ်ထိန်းသောမိန်းမ။
၄။ ဘာတုရက္ခိတ = မောင်ကြီး၊ မောင်ငယ် အုပ်ထိန်းသောမိန်းမ။
၅။ ဘဂိနီရက္ခိတ = အစ်မ ညီမ အုပ်ထိန်းသောမိန်းမ။
၆။ ဉာတိရက္ခိတ = သွေးသားစပ်သူ ဆွေမျိုးအုပ်ထိန်းသောမိန်းမ။
၇။ ဂေါတ္တရက္ခိတ = အမျိုးအနွယ်က အုပ်ထိန်းသောမိန်းမ။
၈။ ဓမ္မရက္ခိတ = တရားကျင့်ဖော် အုပ်ထိန်းသောမိန်းမ။ ဤရှစ်ဦးသော မိန်းမတို့ကား အပျို များသာဖြစ်သည်။ ကာမပိုင်လင်ယောက်ျားမရှိ၊ စောင့်ရှောက်သူသာ ရှိသည်။ ယောက်ျားသည် ထိုရှစ်ဦးသော မိန်းမတို့နှင့် ပျော်ပါးလျှင် ကာမေသုမိစ္ဆာစာရ ကံမြောက်သည်။ (ထိုမိန်းမရှစ်ဦးကား ကာမေသုမိစ္ဆာစာရကံ မဖြစ်ပေါ်ပေ။)
၉။ သာရက္ခ = ကိုယ်ဝန်တည်ကတည်းက မှတ်သားသိမ်းဆည်း ခံရသော မိန်းမ။
၁၀။ ဓနက္ကီတ = ဥစ္စာဖြင့် ဝယ်ယူပေါင်းသင်းနေသော မိန်းမ။
၁၁။ ဆန္ဒဝါသိနီ = အလိုတူ၍ ပေါင်းသင်းနေသော မိန်းမ။
၁၂။ ဘောဂဝါသိနီ = ဥစ္စာစည်းစိမ်အပ်နှံ၍ ပေါင်းသင်းနေသောမိန်းမ။
၁၃။ ပဋဝါသိနီ = အဝတ်တန်ဆာပေး၍ ပေါင်းသင်းနေသောမိန်းမ။
၁၄။ ဩဒပတ္တကိနီ = လူကြီးစုံရာနှင့် လက်ထပ်ပေါင်းသင်းနေသောမိန်းမ။
၁၅။ ဩဘဋစုမ္ဗဋာ = ထင်းခွေ၊ ရေခပ် လုပ်ကိုင်နေသော မိန်းမအား ထိုအလုပ်ကို မလုပ်စေဘဲ ပေါင်းသင်းနေသောမိန်းမ။
၁၆။ သပရိဒဏ္ဍ = ဤမိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟု မင်းမိန့် ထုတ်ထားသော မိန်းမ။
၁၇။ ဒါသီဘရိယာ = ကျွန်လည်း ဟုတ်၊ မယားလည်း ဟုတ်သောမိန်းမ (မယားပြုခံရသော ကျွန်မ)
၁၈။ ကမ္မကာရီ = အလုပ်သမားလည်းဟုတ် ၊ မယားလည်းဟုတ်သောမိန်းမ (မယားပြုခံရသော အလုပ်သူမ)
၁၉။ ဓဇာဟဋာ = မယားအဖြစ်ပေါင်းသင်းခံရသော သုံ့ပန်းမိန်းမ
၂၀။ မုဟုတ္တိကာ = ခေတ္တငှားရမ်း ပေါင်းသင်းသောမိန်းမ။ (ပြည့်တန်ဆာမ၊ ယောက်ျား တစ်ယောက်က တစ်ပတ်ဖြင့်စေ၊ တစ်လဖြစ်စေ ငွေပေး၍ ပျော်ပါးနေသော ပြည့်တန်ဆာမ ကိုဆိုလိုသည်။ ထိုရက်၊ ထိုလ အတွင်း အခြားယောက်ျား တစ်ဦးနှင့် ပျော်ပါး လျှင် ပြည့်တန်ဆာမနှင့် ပျော်ပါးသော ယောက်ျားပါ ကာမေသုမိစ္ဆာစာရ ကံမြောက်သည်။)
( အထက်ပါ မိန်းမ (၁၂) မျိုးသည် ကာမပိုင်လင်ယောက်ျား ရှိသောကြောင့် အခြားယောက်ျား တစ်ဦးနှင့်ပျော်ပါးလျှင် နှစ်ဦးစလုံး ကာမေသုမိစ္ဆာစာရ ကံမြောက်သည်။ )
ခိုးမှု (၂၅)မျိုး
* နာနာဘဏ္ဍခိုးခြင်း (၅)မျိုး
* မတရားအမှုဆင်၍ရယူခြင်း။
* ကိုယ်တိုင်သယ်ယူပေးစဉ် ခိုးယူခြင်း။
* ငြင်းကွယ်၍ ခိုးယူခြင်း။
* သယ်ဆောင်သူကို လမ်းကြောင်းပြောင်းစေခြင်း။
* နေရာရွှေ့ပြောင်း၍ ခိုးယူခြင်း။
* ဧကဘဏ္ဍခိုးခြင်း (၅)မျိုး
* အိမ်တွင်းပစ္စည်းကို ခိုးယူခြင်း။
* အိမ်ပြင်ပစ္စည်းကို ခိုးယူခြင်း။
* လမ်းခရီးပစ္စည်းကို ခိုးယူခြင်း။
* ရေလမ်းပစ္စည်းကို ခိုးယူခြင်း။
* တောလမ်းပစ္စည်းကို ခိုးယူခြင်း။
* သာဟတ္ထိကခိုးခြင်း (၅)မျိုး
* အာဏာဖြင့် ခိုးယူခြင်း။
* အပ်နှံထားသော ပစ္စည်းကို ပြန်မပေးခြင်း။
* ခိုင်းစေ၍ ခိုးယူခြင်း။
* ရယူထိုက်သော ပစ္စည်းကို မပေးခြင်း။
* ဓုရနိက္ခေပ ခိုးခြင်း။
* ပုဗ္ဗယောဂခိုးခြင်း (၅)မျိုး
* လုပ်ကြံ၍ခိုးယူခြင်း။
* အမှုစွဲ၍ခိုးယူခြင်း။
* လှည့်ဖျား၍ ခိုးယူခြင်း။
* ခြိမ်းခြောက်၍ ခိုးယူခြင်း။
* အနိုင်အထက်ပြု၍ ခိုးယူခြင်း။
* ထေယျာဝဟာရခိုးခြင်း (၅)မျိုး
* သူတစ်ပါးပစ္စည်းကို မိမိပစ္စည်းကဲ့သို့ပြုခြင်း။
* သူတစ်ပါးပစ္စည်းကို ပြန်မပေးခြင်း။
* သူတစ်ပါးပစ္စည်းကို ဖျက်ဆီးခြင်း။
* သူတစ်ပါးပစ္စည်းကို ရောင်းချခြင်း။
* သူတစ်ပါးပစ္စည်းကို လဲလှယ်ခြင်း။
အဓိပ္ပာယ်ရှင်းလင်းချက်
* ဒီခိုးမှုအမျိုးအစားတွေဟာ ရိုးရိုးရှင်းရှင်း ပစ္စည်းခိုးယူခြင်းသာမက၊ လိမ်လည်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်းစတဲ့ မတရားတဲ့နည်းလမ်းတွေနဲ့ သူတစ်ပါးပစ္စည်းကို ရယူခြင်းတွေလည်း ပါဝင်ပါတယ်။
* ဗုဒ္ဓဘာသာမှာ ခိုးမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းခိုးယူခြင်းသာမက၊ စိတ်ပိုင်းဆိုင်ရာ မရိုးသားမှုတွေလည်း ပါဝင်ပါတယ်။
* ဤခိုးယူခြင်း ၂၅ မျိုးကို သတိပြုရှောင်ရှားခြင်းဖြင့် လူမှုရေးဆိုင်ရာ တရားမျှတမှု နှင့် ကိုယ်ကျင့်တရား ကောင်းမွန်မှုကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။